လ - အောက်တိုဘာ 2013

တော်ဝင်အမျိုးနှင့် ထိမ်းမြားခြင်း

“To Marry an English Lord” စာအုပ်သည် ၁၉ရာစုနှစ်က ဗြိတိသျှတော်ဝင် မင်းညီမင်းသား များနှင့်ထိမ်းမြားလက်ထပ်ရန် ကြိုးစားကြသော အမေရိကန်သူဌေးကြီးများ၏ အမွေဆက်ခံသူ သမီးပျိုများအကြောင်း ရာဇဝင်ကို မှတ်တမ်းတင် ထားသည်။ သူတို့သည် ချမ်းသာပြည့်စုံသည့် လူတန်းစားဖြစ်ငြားလည်း လူမှုအသိုင်းအဝန်း၌ ကြီးကျယ်မြင့်မြတ်သည့် တော်ဝင်အဆင့်အတန်း ကို လိုလားသည်။ ဝတ္ထုအစ၌ ဗစ်တိုးရီးယား ဘုရင်မကြီး၏သားတော် မင်းသား အဲလ်ဘတ် သည် လူမှုရေးအခမ်းအနားတစ်ခုတက်ရောက် ရန် အမေရိကန်ပြည်ထောင်စုသို့ ခရီးထွက်ခွာ သွားပြီး၊ သူဌေးသူကြွယ်များ၏သမီးပျိုများစွာတို့သည် မင်းသား၏တော်ဝင်သတို့သမီး ဖြစ်ရန် မျှော်ရည်မှန်းလျက် မင်းသားအတွက် အထူးစီစဉ်ပေးသော ကပွဲသို့ ခန်းလုံးပြည့် တက်ရောက်လာသည်။
ခရစ်တော်၌ ယုံကြည်သူများသည် ကောင်းကင်ဘုံ၏ ခမ်းနားသော တော်ဝင် လက်ထပ်ပွဲကို မျှော်လင့်ရုံမဟုတ်၊ ကိုယ်တိုင်ဆင်နွှဲရန်အခွင့်ကို အသေအချာရထားသည်။ “ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့။ ... သိုး…

ဟာဘယ်မှန်ပြောင်း၊ တိရစ္ဆာန်များ နှင့်တေးကျူးနေသောကလေးများ

ဟာဘယ် မှန်ပြောင်းဖြင့် စကြဝဠာကို ကြည့်ရှုခြင်း၊ တိရစ္ဆာန်ဥယျာဉ်သို့ သွားရောက် လည်ပတ်ခြင်း၊ သီချင်းဆိုနေသည့် ကလေးများ စသည်တို့၌ တူညီချက်က အဘယ်နည်း။ ဆာလံ ၁၄၈ မှ သွန်သင်ချက်အရ ၎င်းတို့သည် ဘုရား သခင်၏ ကြီးကျယ်အံ့မခန်းသော ဖန်ဆင်းခြင်းကို ပြညွှန်နေခြင်းက တူညီသည်ဟုဆိုနိုင်ပါသည်။
ဘုရားက ကမ္ဘာကြီးကို ဖန်ဆင်းသည် ဟူသော အချက်နှင့်စပ်လျဉ်း၍ မကြာခဏ
ထိုးနှက် ဝေဖန်ကြသည်။ ထို့ကြောင့် ကြီးမြတ်သော ဖန်ဆင်းခြင်းလက်ရာများအတွက် ကောင်းကင်ဘုံရှင် အဖအား အတိုင်းထက်အလွန် ချီးမွမ်းရန် ကျွန်ုပ်တို့ကို သတိပေးသည်။ ဖန်ဆင်းခြင်းလက်ရာများကို နှိုးဆော်သည်။
ဟာဘယ် မှန်ပြောင်းမှတစ်ဆင့် စကြဝဠာရှိ ကြယ်တာရာများ၏အံ့သြ မိန်းမောဖွယ်ရာပုံရိပ်များကို ကျွန်ုပ်တို့တွေ့မြင်နိုင်သည်။ တောက်ပသော ကြယ်တစ်လုံး ချင်းစီက ဘုရား၏အံ့ဖွယ်ဖန်ဆင်းခြင်းအလှကို ပြန်လည်ဆင်ခြင်မိစေသည်။ ထို့ကြောင့် ဆာလံဆရာက “ထွန်းလင်းသောကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့ (း၃)” ဟုဆိုသည်။
တိရစ္ဆာန်ဥယျာဉ်တွင်…